ထိုင်းနိုင်ငံကနေ မလေးရှားဖက်ကိုသွားမယ့်မော်တော်တစ်စီး ယာဉ်တိုက်မှုဖြစ်ခဲ့တာကြောင့် ချင်းလူမျိုး(၃)ယောက်သေဆုံ
- Get link
- X
- Other Apps
ထိုင်းနိုင်ငံကနေ မလေးရှားဖက်ကိုသွားမယ့်မော်တော်တစ်စီး ယာဉ်တိုက်မှုဖြစ်ခဲ့တာကြောင့် ချင်းလူမျိုး(၃)ယောက်သေဆုံး
မေ ၈ရက်နေ့။
ထိုင်းနိုင်ငံတောင်ပိုင်း ဆုကလာပြည်နယ်၊ ဟတ်ယိုင်ခရိုင် နာရာထိဝမ်နားမှာ မေလ ပထမပတ်က ထိုင်းနိုင်ငံကနေတစ်ဆင့် မလေးရှား ကိုသွားမယ့် မော်တော်ယာဉ်တစ်စီးယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် မြန်မာနိုင်ငံသား ချင်းလူမျိုး(၃)ယောက် သေဆုံးခဲ့တယ်လို့ Chin Community Bankok ရဲ့ ဒီကနေ့ မေလ(၈)ရက်နေ့ဖော်ပြချက်အရသိရပါတယ်။
အဲ့ဒီယာဉ်တိုက်မှုဖြစ်စဉ်အတွင်း မော်တော်ယာဉ်ပေါ်ပါ (၁၅)ယောက်အထဲမှာ (၃)ယောက်ဟာသေဆုံးသွားပြီး ၊ သေဆုံးသူတွေဟာ ချင်းလူမျိုးတွေဖြစ်ကြပြီး မရာလူမျိုး(၁)ယောက်၊ ပလက်ဝလက်က(၁)ယောက်နဲ့ ငပိုင်ဘက်က(၁)ယောက်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ (၅)ယောက်အထိရှိခဲ့သလို ကျန်(၇)ယောက်ဟာ ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ Chin Community Bankokက ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိတဲ့ (၅)ယောက်ကို နာရာထိဝမ်ဆေးရုံမှာ ဆေးကုသစေပြီး ၊ ဒဏ်ရာမရရှိတဲ့သူ (၇)ယောက်ကိုတော့ အချုပ်ထဲမှာချုပ်ထားတာကြောင့် အချုပ်ကျနေတဲ့သူတွေကို ကူညီဖို့အတွက် Chin Community Bankok ကစီစဉ်ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့တုန်းကလဲ ထိုင်းနိုင်ငံကနေတစ်ဆင့် မလေးရှားကိုသွားမယ့် မြန်မာ နိုင်ငံသား(၃၃)ယောက်စီးလာတဲ့ ပစ်ကပ်ကားတစ်စီးဟာ ထိုင်းနိုင်ငံ နခွန်စီမရာ့ခရိုင်အနားမှာ သစ်ပင်တစ်ပင်ကို ဝင်တိုက်တာကြောင့် သေဆုံးသူ(၃)ယောက်ရှိတဲ့အနက် ကလေးမြို့က ချင်းလူမျိုး(၂)ယောက် သေဆုံးခဲ့ဘူးတယ် လို့ သိရပါတယ်။
Telegram Link
Credit : Chin World
https://t.me/realchinworldmedia/1224
- Get link
- X
- Other Apps
Comments
Post a Comment