ပင်လောင်း-ဖယ်ခုံနယ်စပ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်မှုများရှိနေ

ပင်လောင်း-ဖယ်ခုံနယ်စပ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်မှုများရှိနေ


ရှမ်းနှင့် ကယား (ကရင်နီ)ပြည်နယ် နယ်စပ် ပင်လောင်း - ဖယ်ခုံ နယ်စပ်တလျှောက်ကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် မေလ (၅)ရက်နေ့ကတည်းက လေကြောင်းမှ တိုက်ခိုက်နေသဖြင့် အရပ်သား နေအိမ်များပျက်စီးကာ ကလေးတစ်ဦးအပါအဝင် (၃)ဦး ဒဏ်ရာရထားကြောင်း သိရသည်။

စစ်ကောင်စီတပ်က မေလ (၈)ရက်နေ့ နံနက်ပိုင်းတွင်လည်း ပင်လောင်းနှင့် ဖယ်ခုံကြားရှိ တောင်စလုံးကျေးရွာကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုလုပ်ခဲ့သည်ဟု သိရသည်။

"မနက်က ၂ ကြိမ် လာကြဲတာပေါ့။ ထိခိုက်ပျက်စီးမှုတော့ရှိတယ်။ အတိအကျ မပြောနိုင်သေးဘူး။"ဟု Karenni Generation Youth မှ Tachileik News Agency ကိုပြောသည်။

ရှမ်း- ကရင်နီ (ကယား)နယ်စပ်နှင့် ကရင်နီဒေသတို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။

Credit:TachileikNewsAgency
Photo: မေလ ၆ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် ဘုရားကျောင်း

Comments